သတ္တမ/တံဆိပ်/ကို ဖွင့်ခြင်း
8
သိုးသငယ်တော်/သည် သတ္တမ/တံဆိပ်/ကို/ဖွင့်/သောအခါ ကောင်းကင်ဘုံ/၌ နာရီဝက်/ခန့် တိတ်ဆိတ်နေ၏။ 2 ထို့နောက် ဘုရားသခင်/၏/ရှေ့တော်/၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါး/ကို ကျွန်ုပ်/မြင်ရ၏။ ဘုရားသခင်/သည် သူတို့/အား/တံပိုးခရာ/ခုနစ်ခု/ကို ပေးတော်မူ၏။
3 ကောင်းကင်တမန်/တစ်ပါး/သည် ရွှေလင်ပန်း/ကို ကိုင်/လျက် ရှေ့သို့/လာ/၍ ယဇ်ပလ္လင်/နား/မှာ ရပ်နေ၏။ ရာဇပလ္လင်တော်/ရှေ့/၌/ရှိသော ရွှေ/ယဇ်ပလ္လင်/ပေါ်တွင် သန့်ရှင်းသူတို့/၏ ဆုတောင်းချက်များ/နှင့်/အတူ ပူဇော်/ဆက်ကပ်/ရန် သူ့/အား အမွှေးနံ့သာ/များစွာ/ကို ပေးအပ်ထား၏။ 4 အမွှေးနံ့သာ/မှ အခိုးအငွေ့/သည် သန့်ရှင်းသူတို့/၏ ဆုတောင်းချက်များ/နှင့်/အတူ ကောင်းကင်တမန်/၏/လက်/မှ ဘုရားသခင်/ထံတော်သို့ တက်လေ၏။ 5 ထို့နောက်/ကောင်းကင်တမန်/သည် ယဇ်ပလ္လင်/ပေါ်မှ မီး/ကို အမွှေးနံ့သာ/ပူဇော်ရာ/ခွက်/ထဲသို့ ထည့်/၍ ကမ္ဘာမြေ/ပေါ်သို့ ပစ်ချ/လိုက်ရာ မိုးခြိမ်းခြင်း၊ အသံ/မြည်ဟည်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေငလျင်/လှုပ်ခြင်းတို့/ဖြစ်ပေါ်လာ၏။
ကောင်းကင်တမန်များ တံပိုးခရာ/မှုတ်ခြင်း
6 ထို/အချိန်/၌ တံပိုးခရာ/ခုနစ်ခု/ကိုင်ထားသော ကောင်းကင်တမန်/ခုနစ်ပါးတို့/သည်လည်း တံပိုးခရာ/မှုတ်/ရန် ပြင်ဆင်ကြ၏။
7 ပထမ/ကောင်းကင်တမန်/သည် တံပိုးခရာ/မှုတ်/သောအခါ သွေး/နှင့်/ရောသော မိုးသီး/နှင့်/မီး/တို့/သည် ကမ္ဘာမြေ/ပေါ်သို့/ကျလေ၏။ ကမ္ဘာမြေ/၏/သုံးပုံ/တစ်ပုံ၊ သစ်ပင်/သုံးပုံ/တစ်ပုံ/နှင့် စိမ်းစိုသော/မြက်ပင်/ရှိသမျှတို့/သည် လောင်ကျွမ်းကုန်၏။
8 ဒုတိယ/ကောင်းကင်တမန်/သည် တံပိုးခရာ/မှုတ်/သောအခါ မီးလောင်နေသည့်/တောင်ကြီး/ကဲ့သို့သော/အရာ/သည် ပင်လယ်/ထဲသို့ ပစ်ချခြင်း/ခံရ၏။ ပင်လယ်ရေ/သုံးပုံ/တစ်ပုံ/သည် သွေး/အဖြစ်/သို့ ပြောင်းလဲသွား၏။ 9 ပင်လယ်/၌/ရှိသော သက်ရှိ/သတ္တဝါ/သုံးပုံ/တစ်ပုံ/သေ/၍ သင်္ဘော/သုံးပုံ/တစ်ပုံ/သည်လည်း ပျက်စီးသွား၏။
10 တတိယ/ကောင်းကင်တမန်/သည် တံပိုးခရာ/မှုတ်/သောအခါ မီးတုတ်/ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီး/တစ်လုံး/သည် ကောင်းကင်/မှ ကြွေကျ/၍ မြစ်/သုံးပုံ/တစ်ပုံ/နှင့် စမ်းရေတွင်းများ/ပေါ်သို့ ကျလေ၏။ 11 ထို/ကြယ်/၏/အမည်/မှာ “ဒေါန” ဖြစ်/၍ ရေ/၏ သုံးပုံ/တစ်ပုံ/သည် ဒေါန/ကဲ့သို့ ခါးသွား၏။ ထို/ရေခါး/ကို သောက်သော/လူများစွာ/သည် သေဆုံးကြ၏။
12 စတုတ္ထ/ကောင်းကင်တမန်/သည် တံပိုးခရာ/မှုတ်/သောအခါ နေ၊ လ၊ ကြယ်တို့/၏ သုံးပုံ/တစ်ပုံ/သည် ထိခိုက်/ပျက်စီးသွား/သဖြင့် ၎င်းတို့/၏/အလင်း/သည် သုံးပုံ/တစ်ပုံ လျော့နည်းသွား၏။ နေ့/၏/သုံးပုံ/တစ်ပုံ/နှင့် ည/၏/သုံးပုံ/တစ်ပုံ/သည် အလင်းရောင်/မရကြ။ 13 ထို့နောက် ကောင်းကင်/အလယ်/၌ ပျံဝဲနေသည့် လင်းယုန်ငှက်/တစ်ကောင်/ကို ကျွန်ုပ်/မြင်ရ၏။ ထို/လင်းယုန်/က “ကျန်ရှိသော/ကောင်းကင်တမန်/သုံးပါးတို့/၏ တံပိုးခရာ/မှုတ်တော့မည့်/အသံ/ကြောင့် ကမ္ဘာလောက/၌ နေထိုင်ကြသော/သူတို့/သည် အမင်္ဂလာ/ရှိကြ/လိမ့်မည်။ အမင်္ဂလာ/ရှိကြ/လိမ့်မည်။ အမင်္ဂလာ/ရှိကြ/လိမ့်မည်” ဟု/ကျယ်လောင်/စွာ ကြွေးကြော်သည်/ကို ကျွန်ုပ်/ကြားရ၏။